ချိတ်ဆက်

ဆက်သွယ် လုံခြုံစိတ်ချရတဲ့

Chat ကမ္ဘာငယ်

ချစ်မေမေ Chat ထဲမှာ "မိခင်နဲ့ကလေးကျန်းမာရေး နေ့စဉ်စာဖတ်ပေး" ဆိုတဲ့အဖွဲ့လေးလည်း ရှိတယ်နော်။

Chat - ချစ်မေမေ chat ချစ်မေမေ၏ chat တွင် မေမေတို့အချင်းချင်း contact no. ရှိရုံဖြင့် စကားပြောနိုင်မည်ဖြစ်ပါသည်။ ထို chat တွင် ချစ်မေမေ၏ အဖွဲ့ဖြစ်သော “ မိခင်နဲ့ကလေးကျန်းမာရေး နေ့စဉ်စာဖတ်ပေး” ဟူသော အဖွဲ့တစ်ဖွဲ့ပါဝင်ပြီး ထိုအဖွဲ့တွင် မိခင်နဲ့ကလေးကျန်းမာရေးအတွက် ဗဟုသုတများကို စာတိုများပေးပို့နေမည်ဖြစ်ပါသည်။

ထို့အပြင် ချစ်မေမေ Chat ကို end-to-end encryption ဖြင့် အသုံးပြုထားတာကြောင့် မေမေတို့အချင်းချင်း လုံခြုံစိတ်ချစွာ စကားပြောခြင်း၊ အဖွဲ့ဖွဲ့ခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်းများကို ပြုလုပ်နိုင်ပါသည်။

user များအနေဖြင့် ချစ်မေမေ chat တွင် group ဖွဲ့ကာ စာပို့ခြင်း၊ ပုံပို့ခြင်း၊ ဗီဒီယိုများပေးပို့ခြင်း၊ စာတိုများအားဖျက်ခြင်း၊ group ဖျက်ခြင်း၊ group မှ ထွက်ခြင်းနှင့် block ခြင်းတို့ကိုပါ ပြုလုပ်နိုင်ပါသည်။

ဂိမ်းတွေဆော့ရင်း,

အသိပညာတိုးပြီး ဆုလက်ဆောင်တွေလည်းရယူလိုက်ပါ

ချစ်မေမေအက်ပ်တွင် ကလေးများအတွက် ပညာရေးဂိမ်းများနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေသော ဂိမ်းများသာ ပါရှိပါသည်။ ကလေးများ ဂိမ်းဆော့ရာတွင် ပညာရေးအတွက်ရော၊ ဉာဏ်ရည်အတွက်ပါ တိုးတက်စေရန် ရည်ရွယ်ပြီး ကလေးများအတွက် အကျိုးရှိသော ဂိမ်းဆော့ချိန်ကိုဖန်တီးနိုင်ရန် ထည့်သွင်းပေးထားခြင်းဖြစ်ပါသည်။

ဗီဒီယို

ဒေါင်းလုဒ်ဆွဲခြင်း

ချစ်မေမေ၏ ဗီဒီယိုအစီအစဉ်များကို အော့ဖ်လိုင်းကြည့်ရှုနိုင်ရန်အတွက် ဗီဒီယိုများ၏အောက်တွင်ရှိသော ဒေါင်းလုဒ်ကိုနှိပ်ကာ ဒေါင်းလုဒ်ပြီးပါက ချစ်မေမေအက်ပ်၏ ဒေါင်းလုဒ်ထားသည့် ဗီဒီယိုများထဲတွင် ဝင်ကြည့်နိုင်ပါသည်။

ဒေါက်တာ့ဆီမှာ

မေးခွန်းမေး

ချစ်မေမေ၏ ဆရာဝန်ကဏ္ဍရှိ ဗီဒီယိုများတွင် မိခင်နှင့်ကလေးကျန်းမာရေးအတွက် သိလိုသည့် မေးခွန်းများကို ဆရာဝန်ထံသို့ မေးနိုင်မည့် ကောမန့်နေရာ ပါရှိပါသည်။ မိခင်များမေးထားသော မေးခွန်းများကို ချစ်မေမေမှ ဆရာဝန်ထံပြန်မေးကာ ဆရာဝန်ကဏ္ဍ၏ ဗီဒီယိုအစီအစဉ်ဖြင့် ပြန်လည်ထုတ်လွှင့်ပေးလျက်ရှိပါသည်။

ရုပ်ပြဇာတ်လမ်းတွဲစာအုပ်များ

ချစ်မေမေအက်ပ်တွင် ချစ်မေမေ၏ရုပ်ပြကာတွန်းများကို ကလေးများ လွယ်ကူစွာဖတ်ရှုနိုင်ရန် စာအုပ်ပုံစံ၊ စာမျက်နှာများဖြင့် ပြသထားပါသည်။ ရုပ်ပြကာတွန်းအပိုင်းတိုတိုင်းတွင် အနည်းဆုံးစာမျက်နှာ (၅)မျက်နှာပါဝင်ပြီး ကလေးများစိတ်ဝင်စားဖွယ်ရာ စွန့်စားခန်းများ ၊ ဗဟုသုတများကို ကြည့်ရှုနိုင်ပါသည်။

ဖိတ်ခေါ်လိုက်အတူ

ပွိုင့်တွေများများယူ

ချစ်မေမေအက်ပ်တွင် သူငယ်ချင်းများကို ဖိတ်ခေါ်ပြီး ပွိုင့်များရယူနိုင်သည့် နေရာပါရှိသည်။ ရရှိထားသော ပွိုင့်များကို စုဆောင်းကာ ပရီမီယံဝယ်ယူရာတွင် အသုံးပြုနိုင်ပြီး ပွိုင့်၁ပွိုင့်သည် မြန်မာငွေ၁ကျပ်ဖြင့် ညီမျှပါသည်။ ဖိတ်ခေါ်ထားသော သူငယ်ချင်းတစ်ဦးမှ ထိုလင့်ခ်ဖြင့် အက်ပ်ကို ထည့်သွင်းပါက လင့်ခ်ပိုင်ရှင်သည် ပွိုင့် 100 ရရှိမည်ဖြစ်သည်။ (ဥပမာ - သူငယ်ချင်း၂ယောက်လျှင် ပွိုင့် ၂၀၀) သူငယ်ချင်းတစ်ဦးမှ အနည်းဆုံး 1 လစာ စာရင်းသွင်းဝယ်ယူပါက ပွိုင့် 500 ရရှိမည်ဖြစ်သည်။ ( ဥပမာ - သူငယ်ချင်း၂ယောက်လျှင် ပွိုင့် ၁၀၀၀ )

ကိုယ်ခန္ဓာဖွံ့ဖြိုးမှုညွှန်းကိန်း

BMI

သင့်ရဲ့ကိုယ်အလေးချိန်၊ အရပ်အမြင့်နဲ့ အသက်ကိုသိတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားရလား ( ဒါမှမဟုတ်) လိုအပ်တာထက်ပိုနေလား? နည်းနေလား ဆိုတာကို သိရဖို့ ချစ်မေမေအက်ပ်ရဲ့ BMI မှာ တွက်လို့ရပါတယ်။ ချစ်မေမေအက်ပ်ရဲ့ BMI ဟာ မေမေတို့နဲ့သားသားမီးမီးတို့အတွက် ကျန်းမာရေးကို လွယ်ကူစွာစစ်ဆေးနိုင်တာကြောင့် အသုံးဝင်တဲ့ feature လေးဖြစ်ပါတယ်။