အစီအစဉ်များ

ကလေးငယ်များ ချစ်စဖွယ် ပျော်ပျော်ရွှင်ရွှင်ကစားကာ ဆုတွေယူကြတဲ့ အစီအစဉ်လေးဖြစ်တဲ့ “ချန်ပီယံလေးတို့ကမ္ဘာ” အစီအစဉ်ကိုလည်း ချစ်မေမေအက်ပ်ထဲမှာ ကြည့်ရှုနိုင်ပါသည်။

ချစ်မေမေအက်ပ်ရဲ့ ကောမစ်တွေဟာ ကလေးငယ်များသီးသန့်ဖတ်နိုင်ရန် ရည်ရွယ်ထားတာကြောင့် ကလေးဖတ် စွန့်စားခန်းလေးများ၊ ဗဟုသုတများပါဝင်တဲ့ ဇာတ်လမ်းတွဲများအဖြစ် ရေးဆွဲထားပါတယ်။

ချစ်မေမေအက်ပ်ရဲ့ “သုတစုံရာ မေမေ့ကမ္ဘာ” အစီအစဉ်တွင် မေမေတို့အတွက် ဟင်းချက်နည်း၊ မုန့်လုပ်နည်း၊ အရုပ်လုပ်နည်းများနှင့် ဗဟုသုတ၊လေ့လာစရာ အစုံပါဝင်တဲ့ မေမေတို့ရဲ့စကားသံများ အစီအစဉ် တို့ပါဝင်ပါတယ်။

ကလေးတို့အတွက် သုတရသစုံလင်တဲ့ ချစ်မေမေရဲ့ ပုံပြင်ဗီဒီယိုများကို ချစ်မေမေအက်ပ်ရဲ့ ပုံပြင်ထဲမှာသုတရှာ ဆိုတဲ့ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါပြီ။

မိခင်နဲ့ကလေးများရဲ့ ကျန်းမာရေးအတွက် မေမေတို့မေးထားသော မေးခွန်းများကို ချစ်မေမေအက်ပ်၏ ဆရာဝန်ကဏ္ဍတွင် ကလေးဆရာဝန်ကိုယ်တိုင်ပြည့်ပြည့်စုံစုံဖြေပေးထားသော ဗီဒီယိုအစီအစဉ်များဖြင့် ကြည့်ရှုနိုင်ပါသည်။

ကလေးတိုင်း စိတ်ဒဏ်ရာကင်းစွာ ကြီးပြင်းလာစေဖို့ ဗီဒီယိုများစွာကို ချစ်မေမေအက်ပ်ရဲ့ စိတ်ဒဏ်ရာကင်းစင် မျိုးဆက်သစ်တို့ဝန်းကျင် အစီအစဉ်တွင် ကြည့်ရှုနိုင်ပါသည်။

ချစ်မေမေရဲ့ နေ့စဉ်ဆောင်းပါးကဏ္ဍတွင် မိဘတိုင်းအတွက် မိဘအုပ်ထိန်းမှုနည်းလမ်းများ၊ ကလေးပျိုးထောင်နည်းလမ်းများစွာကို ရေးသားထားသော ဆောင်းပါးများစွာပါဝင်သည်။